ဘ၀ကြီးက တစ်ခါတစ်ခါကျ
အထာမကျဘူးဗျာ။
အဆင်မပြေချင် ချက်ချင်း
ခေါင်းကို ဆင်နင်းသလိုပဲ။
သဘောကောင်းနေတဲ့
အထက်လူကြီးက
ဒါမပြီးသမျှ
ခင်ဗျား မထရဘူးတဲ့။
အိမ်ရောက်ပြန်တော့
ခေါင်းလေးဆေးရအောင်
တီဗွီလေး အမြန်ပြေး
ဖွင့်လိုက်ရုံရှိသေး
အောင်မလေးနော်
နာလိုက်တဲ့ဇာတ်
မင်းသမီးက
အငိုမရပ်ဘူး။
ဒါဆိုရင်မဖြစ်သေးလို့
စိတ်ပြေရာပြေကြောင်း
ဘောလုံးပွဲလေးပြောင်းပြန်တော့
ကျုပ် အချစ်တော် အာကြီးက
တူး - ၀မ်းနဲ့ Spur ကိုရှုံး
ကျုပ်လုံးလုံး ဒေါကန်တယ်။
အဆင်မပြေချင်ရင် အဲ့ ဒီလိုပဲ
ဘ၀ကြီးက တစ်ခါတစ်ခါကျ
အထာမကျဘူးဗျာ။
အေးဗျာ....ဖြစ်ချင်တိုင်းမဖြစ်ရတဲ့လောကကြီးမှာ......မနေချင်ဘူး.....
ReplyDeleteသေသွားချင်တယ်ဗျာ...........