Wednesday, September 5, 2012

ရူပါရုံ

သူ့ရဲ့ အဆင်းလေးနဲ့
ကျွန်တော့ မျက်လုံးက အကြည်ဓါတ်
ဆုံချက်မှာ လျှပ်တစ်ပျက်
သူ့ ရူပါရုံလေးထွက်လာတယ်။

မျက်လုံးကပို့လိုက်တဲ့ သတင်း
သွေးကြောထဲ စီးနင်းရင်း
လှုပ်ရှားနေတဲ့ ကျွန်တော့ဦးဏှောက်
တစ်ခြားအာရုံတွေပျောက်ပြီး
သူ့ ရူပါရုံနောက် လိုက်သွားတယ်။

အတ္တတွေထပ်နေတဲ့
ဘ၀ခါးခါးကို ဘေးကပ်
သူ့ရူပါရုံလေးမှာရပ်ရင်း
တပ်မက်ခြင်းကင်းကင်းနဲ့
ကျွန်တော့ မနောဓါတ်ကလေး
ကြည်ပြီးရင်း ကြည်နေလိုက်တာ
ပူနွေးနေတဲ့ ကမ္ဘာကြီးတောင်
အေးမြသွား သယောင်ပဲ။

1 comment:

  1. ခုတလော တကယ်ကို မနောဓါတ်ကလေး ကြည်နေလိုက်တာ ... ^_^

    ReplyDelete