Wednesday, October 5, 2011

ကန်တော့ပန်း

ရှိခဲ့တဲ့ စကား
တပည့် မရှား
တစ်ပြားမရှိ
ပီတိကိုစား
အားရှိ၏တဲ့။

မြေဖြုခေတ်ကလည်း
မြေမှုန့်တွေကြား
မတ်ကာ ခေတ်မှာလည်း
မှင်စက်တွေကြား
မရပ်မနားနဲ့
ခေတ်တွေကို ဆက်စေတာလည်း
ဆရာတို့ရဲ့ လက်တွေပါပဲ။

အုတ်မြစ်တို့ကို ထုဆစ်
သမိုင်းခေတ်တို့ရဲ့
အရှင်သခင်
ရိုင်းသမျှကို ယဉ်စေတာလည်း
ဆရာတို့တွေပါပဲ။

စည်းကမ်းမဲ့
အမှိုက်ပစ်ရင်
ငါ့တပည့် မဖြစ်ချင်နဲ့ဆိုတဲ့
ဆရာမရဲ့ စကား
ခဏခဏ ပြန်ကြားလို့
ကျွန်မတို့ အပတ်စဉ်က
လူမှန်သမျှ
အမှိုက်မချဘူး ဆရာမရေ။

ဒီကနေ့ ကျွန်မ
လူရှေ့ ချပြနေတဲ့
စည်းကမ်း
နည်းလမ်းတွေက
ကျွန်မ အစွမ်း နတ္ထိ
ဆရာတို့ ကျေးဇူးတွေချည်းပါပဲ။

ဒီကျေးဇူးတွေ
ဆပ်မကုန်မှန်း သိပေမဲ့
ကဗျာတစ်ပုဒ်နဲ့ မျှော်မှန်း
ကန်တော့ပန်းဆင်တာကို
လက်ခံပေးပါ မြတ်ဆရာတွေ။

Lingua Workshop မှ ဆရာကြီး ဦးမြင့် ဦးသစ်နှင့်  သင်ဆရာ၊ မြင်ဆရာ ၊ ကြားဆရာ အပေါင်းအား ဂါရ၀ပြုရင်း ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးဖွဲ့ ပါသည်။

2 comments: