Tuesday, March 27, 2012

ကျေးဇူးပြု၍

ကို .....
ကျေးဇူးပြု၍
နူးညံ့ ၀င်းလက်
မျက်နှာထက်တွင်
ရွှေရောင်သေးသေး
မျက်မှန်လေးကို
အမြဲ စဉ်သာ
တပ်ထားပါ။

ဒီနေ့ ကိုယ့်မှာ
မှန်မပါ၍
များလှလူထု
အစုစုတွင်
ညီမကိုရှာ
မတွေ့ပါဟု
ဆင်ခြေပေးမှာ စိုးသောကြောင့် ။


အရင်တုန်းက ရေးထားတဲ့ ကဗျာပါ ။ ဒီမှာတော့ မတင်ဖူးပါဘူး။ ချစ်မ(မဖြူ)ကတင်ပါဆိုလို့ တင်လိုက်တာပါ။ ချစ်မရေ တင်လိုက်ပြီနော်။

4 comments:

  1. အစ်ကိုမမြင်လဲ
    ခင်ထားပျိုမေ
    လှမ်း၍ ခေါ်ချေ

    ReplyDelete
  2. လက်ယပ်ခေါ်လျှင်
    (အဲ့အစ်ကိုက မမြင်မစမ်း)
    တ တာ ပြသည် ထင်ချင်ထင်ကာ
    လှည့်ပြန်သွားမည် စိုးသောကြောင့်

    ReplyDelete
  3. ကဗျာလေး ဖတ်သွားပါတယ်ကွယ်..း)

    ReplyDelete
  4. CH :အဲ့အစ်ကို ကို လှမ်းခေါ်လို့မှမရရင် လှမ်းပစ်ဖို့လေးခွပါဆောင်ထားတယ်:)

    MPPT :ဟုတ်တယ်အစ်မရယ် ... ပြောပြလိုက်ပါ ။ :)

    အိမ့်ချမ်းမြေ့ :ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ်အစ်မ။

    ReplyDelete