Monday, September 26, 2011

မာနရဲ့ နောက်ကွယ်

ကမ်းလိုက်တဲ့လက်တစ်ဖက်
ရက်ရက်စက်စက်
ပုတ်ချခဲ့ မိပါရဲ့
မာနရောင်
တောက်ပြောင်နေတဲ့
နွေနေ့ခင်းမှာ။

ကြောက်လန့်တကြား
ပန်ရုတ်သွားတဲ့
ကမ်းလက်တစ်ဖက်
သွေးအလိမ်းလိမ်းထပ်
ရိုက်မိတဲ့ ငါ့လက်လည်း
နောင်တတွေကပ်လို့။

No comments:

Post a Comment