Wednesday, November 30, 2011

လွမ်းချင်း

မိုးတွေလည်း မညိုတော့ဘူး
တိမ်တွေလည်း မပြိုတော့ဘူး
မနက်ခင်းတိုင်း
ရှစ်ခွင်တိုင်းက မှုန်မှိုင်းလို့
နှင်းမှုံ မြူရစ် 
တစ်ဆောင်းသစ်ပြီ 'ကို '။

နှောင်းခေတ်က အတိုင်း
နှင်းမှုန်တွေကြားထဲ
ပြေးပြေးလွှားလွှား
'မေ' အလုပ်သွားနေရဆဲပါပဲ။

'မေ' တို့ ခေတ်က
ရေဒီယိုက လွှင့်နေကျ
'ဆောင်းအမီ' သီချင်းလည်း
လေထုထဲ ၀ဲနေသလို
စိတ်ထဲက ရည်မှတ်
မမီခဲ့ တဲ့ ဆောင်းတွေအတွက်
'မေ' ဆိုညည်းလျှက်ပါပဲ။

ဒီတစ်ဆောင်းလည်း
မမီပြန်ဘူးလား 'ကို'
လွမ်းနေတဲ့ 
 'မေ' ကပဲပိုသလား
'ကို့' ဆိုစကားတွေ
ဒီတစ်မေ နားမှာ
ကြားချင်နေဆဲပါပဲ ။
 
ကဲပြောပါ 'ကို'
ဘယ်လိုလုပ်မလဲ
နှင်းတွေကတဖွဲဖွဲ
မပြတ်ပဲ ကျနေတာ ။
 

No comments:

Post a Comment