Friday, October 21, 2011

ဒေါသသင့်ခြင်း

ကန့်လန့်ကာ ဖွင့်ထားတဲ့ တစ်မနက်
နေရောင်တွေလင်းလက်လို့
မမြင်တာကြာတဲ့ အလှတရားကိုငေးကြည့်
အခန်းထဲမှာတော့ အေးစိစိကြီးပါပဲ။

အတွင်း စိတ်ကအေးစက်
အပြင်မှာတော့ နွေးထွေးလျှက်ပဲလေ
အသက်မပါတဲ့ အပြုံးတွေ
ဒလဟော သွန်ချ
လာပြောသမျှတော့
နားထောင်နေရတာပါပဲ။

အရင်ကတော့
ရင်တွင်းမှာဖြစ်တည်နေတဲ့
အနုအရွ ၊ အလှအပတွေနဲ့
လက်ဆယ်ဖြာပေါင်းစပ်
ကဗျာလှလှတွေ ထွက်လာတာပဲ။

ခုတလော
ကာရန်လှလှ ကဗျာရွရွလေးတွေ
ရေးမယ်လို့ ကြံတိုင်း
ဦးဏှောက်က ပြည့်ကျပ်
အလှတရားတွေ မထွက်ဘူး
ကဗျာဆုံးလို့ ခဏရပ်
တစ်ခေါက်ပြန်ဖတ်ကြည့်တော့
ဟော ... ဒီတစ်ခါလည်း
ဒေါသသင့်နေပြန်တာပဲ။

2 comments:

  1. ကဗျာလှလှက ရုပ်လှမှထွက်တာ...
    ရုပ်ဆိုးတော့ ဒေါသသံတွေပဲသင့်နေတာပေါ့.... ;P

    ReplyDelete
  2. ဟုတ်ကဲ့ ရှင့် ... အဲ့ ဒီလိုလည်းဖြစ်နိုင်ပါတယ်

    ReplyDelete