Monday, September 26, 2011

ကဗျာချစ်သူ

မူကြိုတုန်းကပေါ့
မှတ်မိသေးပါရဲ့
သူများအိမ်ပြန်ချိန်မှာ
လက်ရေးနှေးတဲ့ ကျွန်မ
ယောင်နနနဲ့
အိမ်ပြန်တဲ့ သူတွေကို အားကျလို့။

အလယ်တန်းတုန်းကပေါ့
မှတ်မိသေးပါရဲ့
စာရှည်ရှည်တွေကို ကြောက်လို့
ကဗျာတိုတိုတွေကို
အချစ်ပိုမိပါရဲ့။

အထက်တန်းတုန်းကပေါ့
မှတ်မိသေးပါရဲ့
စကားပြေတွေ မကျက်ချင်လို့
ကဗျာတွေ ကိုပဲ
လှိမ့်ကျက်မိပါရဲ့။

အင်း.....
ပျင်းလည်းပျင်း
ဖျင်းလည်းဖျင်းတဲ့ ကျွန်မ
ဘာပြောပြော
ကဗျာတောမှာ ပျော်တယ်။

No comments:

Post a Comment