ဟော-ကြားလား
တချက်ချက်နဲ့ အတိုင်းသား
တအားပြေးသွားတဲ့အသံ
ငါငယ်ငယ်က
သူသွားတာနှေးလွန်းလို့
မြန်မြန်သွားစေကြောင်း
ဆုတောင်းရတာအမောပဲ
ခုတော့
ငါတချက်လှည့်ကြည့်တိုင်း
ခရစ်နှစ်တစ်ခုပြိုပျက်
အလုပ်တွေက
အထပ်ထပ်နဲ့
ငါ့ပါးစပ်က
သူသွားတာမြန်လွန်းလို့
နှေးနှေးသွားစေကြောင်း
အာညောင်းအောင်
ဆုတောင်းပေမဲ့
ဟော-ကြားလား
တချက်ချက်နဲ့ အတိုင်းသား
တအားပြေးသွားတဲ့အသံ။
မှတ်ချက် ။ ။အရင်က Ainmat.com မှာ လိုက်မမီဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မ တင်ခဲ့ဖူးတဲ့ ကဗျာပါ။
ခုမှလာမရှင်းပြနဲ့..........
ReplyDelete