ကပိုကရို
ဆံနွယ်တိုတို့
နဖူးပြင်ထက်
ဝဲကျတတ်သော
ဟန်မူလွန်ပို
သူ့ရုပ်သွင်ကို
ကျွန်တော်ငေးသင့် မငေးသင့် ။
ကတ္တီပါဖိနပ်
ခြေကြားညှပ်၍
လေးတိလေးကန်
လမ်းလျှောက်ဟန်နှင့်
တစ်ရှပ်ရှပ်ညံ
သူ့ခြေသံကို
ကျွန်တော်မျှော်သင့် မမျှော်သင့် ။
ငွေလမင်းလား
စမ်းရေလားဟု
ထင်မှားစေပြန်
သူ့ရယ်ဟန်လည်း
ကျွန်တော်လွမ်းသင့် မလွမ်းသင့် ။
စာကြွင်း ။ ။အခုတစ်လော ကဗျာတွေ၊ စာတွေရေးမည်ဟု ကြိုးစားပါသော်လည်း ခံစားချက်တို့ပျောက်ဆုံးနေသောကြောင့် ဘာမှမရေးနိုင် ဖြစ်နေပြန်သည်။ ဒေါသသံ၊ ပူဆွေးသောကတို့ မပါသော ကဗျာလှလှလေးတွေရေးလိုလှပါသည်။ ထို့ကြောင့် ၃ပိုဒ်သာပါသော ကဗျာလေးကို ၂လနီးပါးအချိန်ယူ၍ ကြိုးစားပမ်းစားရေးခဲ့ပါသည်။ ခံစားချက်မဲ့သော ဘ၀သည် ဆိုးရွားလှသည်ဟုလည်း တွေးလိုက်မိသည်။ ကဗျာလေးကိုဖတ်ပြီးလည်း ဝေဖန်ပေးစေလိုပါသည်။(ငွေလမင်းလား ၊ စမ်းရေလားဟူသော စာသားလေးမှာ ကျွန်မတို့ငယ်ငယ်ကဆိုနေကျ "ဖေဖေကြီး ၊ဖေဖေကြီး၊ ဖေဖေကြီးကိုချစ်တယ်"ဆိုသော သီချင်းမှစာသားကို ယူသုံးထားခြင်းဖြစ်ပါသည်။
Lovely Poem!
ReplyDeleteအင်း.. 入荷ချည်း လှိမ့်သွင်းနေလို့ ထင်ပ..
ReplyDeleteခံစားချက်တွေ.. ပျောက်ကုန်တာ..
ခံစားချက်ကိုလည်း 入荷လုပ်လိုက်လေ..
အစ်မက 出荷သမားဆိုတော့.. အထုတ်လွန်သွားသလားမသိ.. ခံစားချက်တွေပါ ပါကုန်တယ်.. ပြန်ရော်ပေးပါလို့.. သက်ဆိုင်သူ.. 出荷အထုတ်ခိုင်းသူတွေကို ပြောပေးပါနော်..
သတိရလျက်..
ချစ်မ
Lovely Girl : ကျေးဇူးတင်ပါတယ်ရှင့်။
ReplyDeletePrizewai : ချစ်မရေ
အဓိက ကတော့ ချစ်မက အနားမှာမှ မရှိတာကိုးလို့ ။
ညီမလေး ၀မ်းနည်းနေတော့ မရေးနိုင်ဘူးဖြစ်တာပေါ့။