ပျော့ ပျောင်းတဲ့ ငါ့ကို
ပူတယ်လေ ဆယ်နေကဲ
နေကျက်ကျက်ထဲမှာ
အထပ်ထပ်ကင်ရင်း
မာကြောခြင်းသို့ရောက်ခဲ့တယ်။
ငါ့ မူလဘဝ
ပြန်ရောက်ဖို့အရေး
ပွက်ပွက်ဆူ ရေပူထဲ
ကျားကန်ကာ အားမာန်တင်းရင်း
မင်းတို့တွေ
မွှေးမွှေးလေးသောက်ရအောင်
ငါလက်ဖက်ခြောက်ဖြစ်ခဲ့တယ်။
ဒီနေ့ ရုံးမှာ လက်ဖက်ခြောက်လေး ယူလာပြီး ရေနွေးသောက်ရင်း စဉ်းစားမိတာလေးကို ရေးလိုက်တာပါ။
အော်... ဒါလေးဖတ်ပြီး ရေနွေးကြမ်းတောင် မသောက်ချင်တော့ဘူး.. လက်ဖက်ခြောက်ကိုသနားလို့ပါ... :D
ReplyDeleteအစ်မလည်း လောလောဆယ်တော့ မသောက်ဘူး ညီမလေး၊ လက်ဖက်ခြောက်ကုန်နေလို့ ....:D
ReplyDelete